Khit Thit Evening News | 15 July 2026

Khit Thit Evening News | 15 July 2026

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ လျှပ်စစ်မီတာတွေကို စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်တဲ့ EVER Meter လျှပ် စစ်မီတာတွေနဲ့ အစားထိုးဖို့ အကြမ်းဖက် မင်းအောင်လှိုင်က အမိန့်ထုတ်လိုက် ပြန်သလို ၊ လျှပ်စစ်မီတာအလုံးရေ သန်းချီအတွက် ငွေကျပ်ဘီလီယံပေါင်း များစွာကို နိုင်ငံတော်က စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီဆီ ပေးရဦးမယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာတင် တရုတ်နိုင်ငံရဲ့လျှပ်စစ်ဓာတ်အား တင်ပို့မှု ၂ ဆနီးပါး တိုးလာနေပြီး တရုတ်အပေါ် မှီခိုနေရမှု ကြီးထွားလာနေတယ်လို့ တရုတ်အကောက် ခွန်အချက်အလက်တွေကို ကိုးကားပြီး IndexBox သတင်းမှာ ဖော်ပြထားပါတယ်။ မကွေးတိုင်း ဆောမြို့နယ်၊ လောင်းရှည်ဒေသမှာရှိတဲ့ ကံလှ ကျေးရွာအနီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၃ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေပါ ရှိသွားပြီးနောက် သေသွားတဲ့ သူတိုစစ်သား အလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို အသည်းအသန် သယ်သွားကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ အင်္ဂလန်နဲ့ အာဂျင်တီးနားအသင်းတို့ ထိပ်တိုက်တွေ့ဆုံမယ့်ပွဲဟာ ဒီနှစ်ကမ္ဘာ့ ဖလားရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး ပွဲစဉ်တစ်ပွဲအဖြစ် သတ်မှတ်ခံထားရပြီး ၊ Hand of God ရန်ကြွေးကို ပြန်ဆပ်မည့် အင်္ဂလန်အသင်း နဲ့ အာဂျင်တီးနားအသင်းတို့ အကြိတ်အနယ်ယှဉ်ကြမယ့် သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။