Khit Thit Evening News |24 July 2026

Khit Thit Evening News |24 July 2026

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပကနေ တင်သွင်းနေရတဲ့ စက်သုံးဆီပမာဏကို ဒီနှစ် စက်တင်ဘာလကစပြီး ၃၀ ရာခိုင်နှုန်း လျှော့ချပြီးတော့ သန်လျင်အမှတ် (၁) ရေနံချက်စက်ရုံက ထုတ်လုပ်မယ့် စက်သုံးဆီတွေနဲ့ အစားထိုးသုံးစွဲဖို့ ညွှန်ကြားလာပြန်တယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ အသင်းဆီကနေ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းတွေ ပြန်လည်မြင့်တက်လာပြီး စစ်တပ်က ဆီဆိုင်တွေကို တစ်ပတ်စာ ဆီခွဲတမ်းတွေ ထပ်မံလျှော့ချလိုက်ပြန်တဲ့အတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါ အဝင် ဆီဆိုင်တချို့မှာ စက်သုံးဆီတွေ ယာယီပြတ်တောက်သွားပြန်တယ်လို့ ဆီလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာကြပါတယ်။ စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ဇာဒီပျူစောထီးကျေးရွာမှာ ကင်းစောင့်နေတဲ့ ပျူစောထီးကို "ကွမ်းယာစားမလား" လို့မေးပြီး တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်ပစ်ခတ်ရှင်းလင်းလိုက်တဲ့အပြင် သူ့ဆီက G3 သေနတ် ၁ လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးရဲဘော် ဗိုလ်ပိုင်ချဲက ဗီဒီယိုဖိုင်နဲ့ တကွ လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန် သမ္မတ ထရမ့်က အီရန်ကို အပြင်းထန်ဆုံး စစ်ရေးတိုက်ခိုက်မှု ပြုလုပ်ဖို့ စဉ်းစားနေပြီလို့ ပြောဆိုလိုက်ပြီး ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာလည်း အီရန်၁၃ ရက်နေ့အဖြစ်ဆက်လက် တိုက်ခိုက်တယ်လို့ အမေရိကန်စစ်တပ်ကလည်း ထုတ်ပြန်လာပါတယ်။