Khit Thit Evening News |22 July 2026

Khit Thit Evening News |22 July 2026

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၂ ရက်ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက် စစ်တပ်က TNLA နဲ့ သူတို့ စစ်တပ်အကြား ငြိမ်းချမ်းရေးလမ်းကြောင်း ပူးပေါင်းနေမှုကို ပြသဖို့အတွက် နေပြည်တော်ဆွေးနွေးပွဲ မှတ်တမ်းတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလိုက်တယ်လို့ နေပြည်တော် စစ်တပ် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်ရဲ့ အတင်းအကျပ် ပေါ်တာဆွဲ စစ်သားစုဆောင်းမှုတွေကြောင့် ရန်ကုန်နဲ့ နေပြည်တော်လို့ မြို့ကြီးတွေမှာပါ လူငယ်တွေ ဆက်တိုက်ပျောက်ဆုံးနေပြီး ၊ ရဲစခန်းတွေက လည်း လူပျောက်တိုင်ကြားမှုတွေ ရှာဖွေမပေးဘူးလို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောဆိုလာကြပါတယ်။ -မကွေးတိုင်း ၊ ကျောက်ထုမြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က အရာရှိတစ်ဦး ပွဲချင်းပြီးသေသွားတဲ့အပြင် သူ့ဆီက ပစ္စတို သေနတ်ကိုပါ သိမ်းဆည်းရရှိခဲ့ပြီး ၊ ဒဏ်ရာရတဲ့ စစ်သားတွေကို ကားတွေနဲ့သယ်သွားတဲ့ ထဲမှာလည်း အရာရှိ ၃ ဦးပါသွားတယ်လို့ ယောဒေသ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အမေရိကန် သမ္မတ ထရန့် က အီရန်ကို တိုက်ခိုက်မှုတွေ မပြီးသေးဘူးလို့ ပြောဆိုလာပြီး ၊ အီရန်ကလည်း ဂျော်ဒန်၊ ကူဝိတ်နဲ့ ဘာရိန်း နိုင်ငံတွေအထိ တိုက်ခိုက်မှုကို တိုးချဲ့လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။