Khit Thit သတင်းဌာန၏ ဇူလိုင် ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်တပ်ရဲ့ အသွင်ပြောင်းအုပ်ချုပ်ရေးမဏ္ဍိုင်ကို အခက်အခဲဖြစ်စေပြီး ပွတ်တိုက်မှုဖြစ်စေမယ့် မေးခွန်းနဲ့ အဆိုတွေကို လွှတ်တော်အတွင်း မေးမြန်းတင်သွင်းတာတွေ ရှောင်ကြဉ်ကြဖို့ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ညွှန်ကြားလာတယ်လို့ ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့ဟာ မြေရှားသတ္တု (Rare Earth) ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်ဖို့ ဆောင်ရွက်နေကြပြီး တရုတ်နိုင်ငံက အဓိက ထိန်းချုပ်ထားတဲ့ မဟာဗျူဟာမြောက် သယံဇာတဖြစ်တဲ့ မြေရှားသတ္တုတွေကို အခြားရင်းမြစ်တွေ ကနေ ရရှိနိုင်ဖို့ အိန္ဒိယက ကြိုးပမ်းနေတယ်လို့ ရိုက်တာသတင်းဌာနက ဇူလိုင် ၂၃ ရက်မှာ ဖော်ပြပါတယ်။ -ထိုင်းနိုင်ငံကို ဩဂုတ်လ ၆ ရက်နဲ့ ၇ ရက်မှာ လာရောက် မယ့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာနိုင်ငံဘက်က စီးဆင်းလာတဲ့ မြစ်ရေညစ်ညမ်းမှု၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာ၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ နယ်စပ်လုံခြုံရေးကိစ္စတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပြောပါတယ်။ အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ အရပ်ဘက်အသုံးပြု နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ Donald Trump အစိုးရက ကြေညာလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။