Khit Thit Evening News | 16 July 2026

Khit Thit Evening News | 16 July 2026

Khit Thit သတင်းဌာန၏ ဇူလိုင် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အာဆီယံ အနေနဲ့ မြန်မာ့အရေးဖြေရှင်းဖို့အတွက် SCEF၊ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကို စုပေါင်းတွေ့ဆုံမှသာ မြန်မာ့နိုင်ငံ ရေး အခြေအနေကို မှန်မှန်ကန်ကန် နားလည် နိုင်မယ်လို့ NUG က အာဆီယံဥက္ကဋ္ဌကို ပြောလိုက်ပါတယ်။ ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ အရပ်သားပြည်သူတွေနေထိုင်ရာ မီကူဆာကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် မိသားစုလိုက် သေဆုံးသွားပြီး နေအိမ်တွေလည်း ပျက်ဆီးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ အကြမ်းဖက် စစ်တပ်က နိုင်ငံတစ်ဝှမ်း သူတို့လက်လွတ်ထားရတဲ့ စစ်ရှုံးနယ်မြေတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်အောင် အကြမ်းဖက် အတုယောင် လွှတ်တော်ကနေ အရေးပေါ်အခြေနေထပ်မံ သက်တမ်းတိုးဖို့ စီစဉ်နေပြန်တယ်လို့ သိရပါတယ်။ အမေရိကန်က အီရန်ကို ငါးရက်မြောက်နေအဖြစ် ဒီကနေ့ ဇူလိုင်လ ၁၆ ရက်နေ့မှာလည်း ဆက်လက်တိုက်ခိုက်လိုက်ပြီး အီရန်ပိုင် အဓိက ရေနံဆိပ်ကမ်းကို ဦးတည်လာတဲ့ ရေနံတင်သင်္ဘောကိုပါ တိုက်ခိုက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။