Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ နေပြည်တော်မှာ အကြမ်းဖက် စစ်တပ်က တော်လှန်ရေးတပ်တွေရဲ့ FPV ဒရုန်းတားဆီးရေးအတွက် အရေးပေါ် အစည်းအဝေးခေါ်နေပြန်သလို ၊ တရုတ်လုပ် Hawk Eye မော်နီတာ အပါ အဝင် တရုတ် ပစ္စည်းတွေနဲ့ FPV ဒရုန်းတွေ အသုံးပြုတိုက်ခိုက်နေတာတွေကို တာဆီးပေးဖို့ကိုပါ တရုတ်နိုင်ငံဆီ အသိပေးအကြောင်းကြားနေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ရန်ကုန်-ပြည်လမ်းမပေါ်မှာ ဒီကနေ့ ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းမှာပဲ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ကြတယ်လို့ ဒေသခံပြည်သူတွေနဲ့ သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အရပ်ဘက် အုပ်ချုပ်ရေးစနစ်တွေကို အကောင်အထည်ဖော် (AA) က ဒေသတွင်း ဘဏ္ဍာရေးနဲ့ ငွေကြေးစနစ်ကို စတင်တည်ဆောက်ဖို့ ရည်ရွယ်ပြီး ကိုယ်ပိုင်ဘဏ်လုပ်ငန်းစနစ်အတွက် ဘဏ်ဝန်ထမ်းတွေကို ခေါ်ယူနေတယ်လို့ ရခိုင်ဒေသသတင်းရင်းမြစ်တွေနဲ့ AA ရဲ့ အလုပ်ခေါ်စာတွေအရ သိရပါတယ်။ အမေရိကန်-အီရန်ကြား ယာယီသဘောတူညီချက်အတွက် သွယ်ဝိုက် ဆွေးနွေးပွဲကို ကာတာနိုင်ငံမှာ ပြန်စနေပြီး ဟော်မုဇ်ရေလက်ကြား တင်းမာမှုက အဓိကစိန်ခေါ်မှုဖြစ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။