Khit Thit Afternoon News | July 1 2026

Khit Thit Afternoon News | July 1 2026

Khit Thit သတင်းဌာန၏ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် မင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဖိတ်ခေါ် ထားပေမယ့် အဲ့ဒီဖိတ်ခေါ်မှုကို ငြင်းဆန်ပြီး မလာရင် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက် လုပ်ဆောင်သွားမယ်ဆိုပြီး ပြောဆိုထားတယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ခိုင်ခိုင်စိုးက ပြောဆိုပါတယ်။ ဥရောပနိုင်ငံတွေမှာရှိတဲ့ မြန်မာအသင်းအဖွဲ့တွေနှင့် ဒီမိုကရေစီမဟာမိတ်တွေ ပူးပေါင်းထုတ်ပြန်တဲ့ "မြန်မာ့လွတ်မြောက်မှုအတွက် ပြည်သူ့အသံ" (Voices for Myanmar Freedom) ကြေညာချက်ကို ကုလသမဂ္ဂနှင့် ဥရောပပါလီမန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဓိကအဖွဲ့အစည်းတွေဆီကို တရားဝင် ပေးပို့တင်သွင်းလိုက်တယ်လို့ မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့ (နော်ဝေ) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပြည်သူတွေဆီကနေ ဆက်ကြေးတောင်းခံနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သခင်ဖိုးလှကြီးစစ်ကြောင်း တာဝန်ခံဆီကနေ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံကနေ ကလေးငယ်တွေကို မွေးစားပေးမယ့် အကြောင်း ပြချက်နဲ့ စင်ကာပူအပါအဝင် နေရာအသီးသီးကို ရောင်းချခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ လူကုန်ကူးဂိုဏ်းဝင် ၁၉ ဦးကို ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်ပေးဖို့ အင်ဒိုနီးရှားအစိုးရ ရှေ့နေတွေက တရားရုံးမှာ တောင်းဆိုလိုက် ပါတယ်။