Khit Thit Afternoon News |28 July 2026

Khit Thit Afternoon News |28 July 2026

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ နိုင်ငံတကာရဲ့ စီးပွားရေးနဲ့ လက်နက်ပိတ်ဆို့မှုတွေ ကြုံတွေ့နေရတဲ့ မြန်မာစစ်ကောင်စီက စစ်ဘက်ဆိုင်ရာ ရွေးလျားသယ်ယူနိုင်တဲ့ ဒရုန်းရှာဖွေရေးနဲ့ ထောက်လှမ်းရေး စက်ပစ္စည်းတွေကို ပုဂ္ဂလိကကုမ္ပဏီတွေက တစ်ဆင့် ဝယ်ယူတင်သွင်းခိုင်းပြီး ဟောင်ကောင်ကတစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တင်သွင်းနေတယ်လို့ စစ်တပ်ရဲ့ ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ သိရပါတယ်။ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်း-ပြည် လမ်းပိုင်းမှာရှိတဲ့ ၁၀၃ တပ်ရင်းနဲ့ စစ်ဆေးရေးဂိတ်ကို ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ တောင်တွင်းကြီး (Rocket Fighter) အဖွဲ့က တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၈ ရပ်ကွက်မှာ အိမ်သုံးလျှပ်စစ်မီတာကို ဓာတ်တိုင်တွေပေါ်ကနေ တိုက်အောက်မှာရှိတဲ့ လှေကားခွင်တွေ ဒါမှမဟုတ် နေအိမ်မှာ ပြန်တပ်ခိုင်း နေစလို ပြောင်းရွှေ့ခအနေနဲ့ မီတာတစ်လုံးကို ကျပ် ၅၀,၀၀၀ တောင်းနေပြီး မပေးနိုင်ဘူးလို့ ပြောတဲ့အိမ်ကို ညအချိန် ဧည့်စာရင်းစစ် တယ်ဆိုပြီး စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ သာကေတဒေသခံတွေက ပြောပါတယ်။ -မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်ရဲ့ ဩဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျုံက ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးကို တိုက်တွန်းခဲ့တဲ့ အာဆီယံ (ASEAN) ရဲ့ ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး အဲဒီအယူအဆဟာ "မိုက်မဲပြီး အဓိပ္ပာယ်မရှိတဲ့ အိပ်မက်" သာ ဖြစ်တယ်လို့ ပြောလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။