ကျွန်မတို့အညာမှာ ဒီလိုပြောင်းဖူးပေါတဲ့ရာသီဆို ပြောင်းဖူးဟာအိမ်တိုင်းမပါမဖြစ်ပေါ့.. ပြုတ်ပြီး ဆီနဲ့ဆားနဲ့နယ် သရေစာအဖြစ်စားကြတယ်.. ကောက်ညှင်းနဲ့ ပြောင်းဖူးဆီထမင်းထိုးကြတယ်.. မီးဖုတ်စားတယ်.. မျှစ်စပ်ဟင်းရည်ထဲခပ်သောက်တယ်.. လက်ဖက်နဲ့ သုတ်စားတယ်.. အဲ့တာတွေအပြင် ပြောင်းဖူးအပျော့ကြော်နဲ့အယှက်ကြော်ဆိုပြီးလဲကြော်စားကြသေးတယ်.. အယှက်ကြော်ကတော့ အပျော့ကြော်အတိုင်းကိုပဲ အကုန်နယ်ပြီး အခုလိုက်လေးတွေနီအောင်ကြော်ထားတာ.. အပျော့ကြော်လေးကတော့ တမျိုးဆန်းမယ်ထင်လို့ ကြော်ပြပေးလိုက်တယ်နော်.. ပြောင်းဖူးနဲ့ ပါတာတွေအကုန်ရောနယ်ပြီးမှထည့်လို့လဲရတယ်.. ကျွန်မလိုတစ်ခုချင်းဆီထည့်လဲရတယ်.. အုန်းနို့ကတော့ တကယ့် အညာပြောင်းဖူးကြော်မှာမပါပါဘူး ကျွန်မစားချင်လို့ထည့်ထားတာပါနော်.. ကဲ လိုက်ကြော်စားကြည့် ချိုမွှေးနေတာပဲ.. #foodsbyswt #cornfried #ပြောင်းဖူးအပျော့ကြော်