ကိုမောင် တစ်ယောက် ဆေးတွေ သောက်နေရတယ်။ အစကတော့ အကောင်းပဲ။ နောက် ၁ လလောက် ကြာလာတဲ့အခါမှာ ခြေလက်တွေ ထုံကျဉ်လာတယ်။ ဘာဖြစ်တာလဲ။ ဆီးချိုစစ်ကြည့်တော့လည်း မရှိဘူး။ ဒါနဲ့ဆေးခန်းသွားပြတယ်။ အဲဒီမှာ အဖြေကို တွေ့ပြီ ဆေးတွေကို နှစ်ရှည်လများ ကိုယ့်သဘောနဲ့ကိုယ်သောက်တယ်။ ဆရာဝန်နဲ့မတိုင်ပင်ဘူး။ အခုတော့ ဆရာဝန်က ရှင်းပြလိုက်တော့ အာရုံကြောပျက်စီးနေတာဖြစ်ပြီး၊ ဘာဆေးတွေကြောင့်ပျက်စီးတာလဲဆိုတာကို နားလည်လိုက်ပါပြီ။ နောက်ပိုင်း ဒီဆေးတွေကို မသောက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ယခု ဗီဒီယိုထဲမှာ ကိုမောင်ရဲ့အာရုံကြေများကို ပျက်စီးစေတဲ့ ဆေးများအကြောင်းကို ရှင်းပြထားပါတယ်။ https://www.medguidemyanmar.com မှာ ဆေးဝါးများအကြောင်းကို စုံလင်စွာရှင်းပြထားပါတယ်။ / drtunmyatwin1982 ဆေးဝါးပညာ facebook page မှလည်း ဆေးဝါးများအကြောင်းကို စုံလင်စွာလေ့လာနိုင်ပါတယ်။ ဒေါက်တာထွန်းမြတ်ဝင်း(ဆေးဝါးပညာ)