Support-94 🛡⚔ Cyber security on ECDIS 🛡⚔ Case-1 ( video) 📌ခရစ်စတော့ဖ်ဟာသူဘယ်ရောက်၊ဘယ်သွား၊ဘာလုပ်စတာတွေနဲ့သူ့ရဲ့အလုပ်နဲ့ပတ်သက်တဲ့information များကို Facebook မှာပုံမှန်တင်နေတတ်သူဖြစ်ပါတယ်။ East African coast တစ်လျှောက်သွားနေသော Container ship တစ်စီးမှChief Officer တစ်ယောက်အနေနဲ့လည်း သူရဲ့informationများကိုလူအများစိတ်ဝင်စားလိမ့်မယ်လို့လည်းထင်မြင်နေပါတယ်၊ 📌တစ်နေ့မှာ fishy link တစ်ခုကနေ သူ့ရဲ့phone မှာ malware infected ဖြစ်သွားပါတယ်၊ ဒါကိုမသိလိုက်ဘဲ အဲ့ဒီphone ကိုbridgeမှာအသုံးပြုရင်း charge လုပ်ဖို့အတွက် ECDIS မှ USB port ကိုသုံးလိုက်မိပါတယ်။ ၎င်း Malware ဟာ system တစ်ခုလုံးကို crash ဖြစ်သွားစေပါတယ်၊ 📌Primary mean of navigation မရှိတော့တဲ့အတွက် သဘောင်္ဟာလမ်းကြောင်းပြန်လှည့်ခဲ့ရပြီးအချိန်ကုန်၊ငွေကုန်ကြေးကျများစွာဖြစ်ခဲ့ရပါတယ်၊ ခရစ်စတော့တစ်ယောက်လည်းနောက်အလုပ်ထပ်ရှာရပါတော့တယ်။ ⚔🛡To improve Cyber security risk on ECDIS🛡⚔ ⚠️crew members များအနေနဲ့ phone or other device ကို ECDIS မှ Charge မလုပ်ရပါ။ ⚠️USB port များကိုလည်းဖြစ်နိူင်ရင်systemတစ်ခုသုံးပြီးblock လုပ်ထားသင့်ပါတယ်။ For ECDIS chart update ⚠️Download,encrypted updates အားလုံး Dedicated USB stick တစ်ခုဖြင့်သာသီးခြားပြုလုပ်ပါ။ ⚠️၎င်းStickကိုလည်း ECDIS မှာပါတဲ့anti virus system ဖြင့်စစ်ပြီးမှ upload လုပ်ပါ။